FAQs
Library for Genius ကို ကလေးအသက်ဘယ်လောက်မှ ဘယ်လောက်အတွင်း ထားလို့ရပါသလဲ?
အသက် ၂ နှစ်မှ ၇နှစ် အတွင်း သားသားမီးမီးများ တက်ရောက်နိုင်ပါတယ်။
Payment သွင်းပြီး ဘယ်လောက်အကြာမှာ စတင်လေ့လာရပါပြီလဲ?
Package ဝယ်ယူရန် Payment သွင်းပြီးပါက ဘဏ်ဖွင့်ချိန် ၂၄ နာရီအတွင်း Payment Confirmation Email ပြန်ပို့ပေးမည်ဖြစ်ပြီး မိမိ Account ဖွင့်ထားသော Login Information အတိုင်း စတင်သင်ကြားနိုင်ပါတယ်။
အသက်အရွယ်မတူတဲ့ကလေး ၂ ယောက်ဆိုရင်ရော တူတူလေ့လာလို့ရလား။ Lesson Program ကတူတူပဲ ဖြစ်မှာလား။
အသက် ၂နှစ်မှ ၇နှစ်အတွင်းအတွက် Lesson Program အတူတူပဲဖြစ်မှာပါ။ Certificate ထုတ်တဲ့အချိန်မှာတော့ Registerပြုလုပ်ထားတဲ့ နာမည်နဲ့သာ Certificateရရှိမှာ ဖြစ်ပါတယ်။
Level တစ်ခုစီအတွက် ပေးထားတဲ့အချိန်အတိုင်းသင်ယူမှုမပြီးတာကြောင့် Package သက်တမ်းထပ်တိုးချင်တယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ရမလဲ။
Library for Genius မှ Flashcards Lesson Videos များကို 3 Months Package, 6 Months Package ဟူ၍ အချိန်ကာလ ၂ မျိုးဖြင့် ဝယ်ယူနိုင်ပြီး ထိုကာလများအတွင်း သင်ကြားရမယ့် Videos များကတော့ တူတူပဲဖြစ်ပါတယ်။ အကယ်၍ မိမိဝယ်ယူထားသော အချိန်ကာအတွင်း သင်ကြားမှု မပြီးမြောက်၍ ဖြစ်စေ၊ ထပ်မံသင်ကြားလိုသောကြောင့် ဝယ်ယူလို၍ ဖြစ်စေ သင့်တော်ရာ ၃ လ၊ ၆ လ Duration Package ကို ထပ်မံဝယ်ယူနိုင်ပါတယ်။
Flashcards Lesson Videos တွေကို ဘယ်လိုကြည့်ရှုသင့်ပါသလဲ? အချိန် ရက် ကန့်သတ်ထားသင့်ပါသလား?
၀ယ်ယူထားတဲ့သက်တမ်းအတွင်း အရေအတွက် အကန့်အသတ်မရှိ စိတ်ကြိုက် လေ့လာကြည့်ရှုလို့ ရမှာဖြစ်ပါတယ်။ သို့သော်ပိုမိုထိရောက်သောသင်ကြားမှု ဖြစ်စေရန် Flashcards Lesson Videos များအား လေ့လာခြင်းနှင့်ပတ်သတ်၍ မိမိ User Account အတွင်းရှိ Learner’s Guide Page တွင် Guideline အသေးစိတ်ဖော်ပြပေးထားပါတယ်။
သင်ထောက်ကူပစ္စည်းတွေထပ်ပြီးလိုအပ်နိုင်ပါသလား။ လိုအပ်ရင်ရော ဝယ်ယူလို့ရပါသလား။
Library for Genius သည် Online Learning Program သီးသန့် ဖြစ်သည့်အတွက် Lessons Video များနှင့်ပတ်သတ်သော စာရွက်စာတမ်းများကို ဝယ်ယူရန် မလိုအပ်ပါ။
Technical Support FAQs
www.libraryforgenius.com Website ထဲဝင်တဲ့အခါ VPN ကျော်ဖို့လိုပါသလား။
VPN ကျော်စရာမလိုအပ်ပဲ အသုံးပြုနိုင်ပါတယ်။
Computer နဲ့ပဲအသုံးပြုလို့ရတာပါလား? တခြား Phone (သို့မဟုတ်) Tablet များဖြင့်ရော အသုံးပြုလို့ရပါသလား?
အသုံးပြုနိုင်ပါတယ်။ ကလေး အနေနဲ့ ရှင်းရှင်းလင်းလင်း ကြည့်ရှုလေ့လာနိုင်ရန်မြင်ကွင်းကျယ်သည့် Computer, Laptop များ အသုံးပြုခြင်းကတော့ အသင့်တော်ဆုံး ဖြစ်ပါတယ်။
Password မမှတ်မိလို့ ဘယ်လို လုပ်ရပါမလဲ?
Login မှ Forget passwordကို နှိပ်ပါ။ accountဖွင့်ခဲ့သည့် emailသို့ reset password link ပေးပို့မည်ဖြစ်ပြီး ထိုlinkမှတဆင့် passwordအသစ်ပြင်ဆင်အသုံးပြုနိုင်ပါတယ်။
Video များကို Download လုပ်ယူလို့ရပါသလား?
Download ပြုလုပ် သိမ်းဆည်း၍ မရနိုင်ပါ။ Copyright Material များ ဖြစ်သည့်အတွက် Screen Capture ပြုလုပ်ခြင်းကိုလည်း ကန့်သတ်ထားပါတယ်။
အခက်အခဲတစုံတရာ ရှိပါက မည်သို့လုပ်ဆောင်ရမလဲ?
(Contact Us)မှတဆင့် ကြုံတွေ့နေရသော အခက်အခဲအပြည့်အစုံကို ရေးသားပေးပို့နိုင်ပြီး (48 နာရီ)အတွင်း ပြန်လည်စစ်ဆေးဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။